Welcome! This is a website that everyone can build together. It's easy!

အလင်းသစ် HomeThis is a featured page

အမှာစာလေး
အားလပ်နေတုန်းခဏမှာ ကိုယ်ပိုင်webblog site လေးလုပ်လိုက်တာပါ ..လူငယ်တွေအတွက်ရည်ရွယ်ပြီးလုပ်ခြင်းဆိုလည်းမမှားပါဘူး ..အတက်နိုင်ဆုံးတိုးတက်ရေးဆောင်းပါးများကိုရေးသား ဖော်ပြပေးသွားပါမည်..အမှားအယွင်းလေးများရှိက ခွင့်လွတ်နားလည်ပေးရန်လည်းပန်ကြားအပ်ပါသည်....
...........................................................................................................................................................................................................





နှင်းဆီအကြောင်းတစိတ်တစောင်း

နှင်းဆီပန်းအလှ









နှင်းဆီ
နှင်းဆီရွက် မင်းမှာ မျှော်လင့်ချက်ရှိတယ်။
နှင်းဆီဖူး ငယ်ရွယ်နုပျိုပြီး ရိုးသားတဲ့ နှလုံးသားပိုင်ရှင်။
နှင်းဆီ အနီ အချစ်စိတ်ယိမ်းယိုင်နေပြီ။
နှင်းဆီ အဖြူ လျှို့ ဝှက်တတ်သူ၊ မြတ်နိုးဖို့ကောင်းသူ။
မင်္ဂလာအခမ်းအနား နှင်းဆီ ပျော်ရွှင်စရာကောင်းသောအချစ်။
ဂျပန် နှင်းဆီ ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်လေး။
ရေညှိ နှင်းဆီ အကောင်းဆုံးအချစ်ကိုကြိုဆိုပါတယ်။

ကတိုးနှင်းဆီ မင်းရဲ့  ပြောင်းလဲသွားတဲ့ အလှတရားအတွက်။

နှင်းဆီအနီ စိတ်ကူးယဉ်ဆန်ဆန်အချစ်။
ကျောက်နှင်းဆီ အထင်ရှားဆုံး၊ အပေါ်လွင်ဆုံး သူဟာမင်းပါ။
ဆူးမဲ့နှင်းဆီ မြင်မြင်ချင်းပဲစိတ်ဝင်စားတယ်။
နှင်းဆီ အဖြူ မင်းရဲ့  ဖြူစင်တဲ့အချစ်ကိုတန်ဖိုးထားပါတယ်။
နှင်းဆီ အ၀ါ မိတ်ဆွေသူငယ်ချင်းဖြစ်ချင်တယ်။
နှင်းဆီ ( ၂ ) ပွင့် စေ့စပ်ကြောင်းလမ်းခြင်း၊ ချိန်းဆိုခြင်း။
နှင်းဆီ အနီ ( ၁ ) + အဖြူ (၁) သွေးစည်းညီညွှတ်ကြမယ်။


.............................................................................................................................................................................................


ခပ်ဝေးဝေးလေးနေရအောင်


ဆေးလိပ်ဆိုတဲ့ အရာမကောင်းမှန်း သိပေမယ့် ဖြတ်ရတာ အတော်ခက်တတ် ကြပါတယ်။ စမိတာနဲ့ ဖြတ်ရခက်နေတဲ့ သူတွေကိုလဲ စာနာမိပါတယ်။ ကူလဲကူညီချင်တယ်။ ဒါကြောင့် ကိုယ် သိထားတဲ့ ကျန်းမာရေးရှုထောင့်ကနေဘဲ ဆေးလိပ်ရဲ့ဆိုးကျိုးလေး တွေကို တင်ပြလိုက်ပါတယ်။ ဆိုးကျိုးတွေကို သိထားပြီး သွားရင် "ငါဖြတ်သင့်တယ် "ဆိုတဲ့ အတွေးလေးတော့ ၀င်စေချင်တယ်။ ကိုယ်ခင်မင်တဲ့ သူတွေ အပါအ၀င် လူအားလုံးကို ဆေးလိပ်နဲ့ ကင်းဝေး စေချင်တာ ဆန္ဒအမှန်ပါ။ ဆေးလိပ်နဲ့ သူ့ရဲဆိုးကျိုး ရလဒ်လေးတွေကို တင်ပြလိုက်ပါတယ်။



(၁) စသောက်မိတာနဲ့ ဖြတ်ဖို့ခက်ပြီ

များသောအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အပေါင်းအသင်းများရဲ့ စေ့ဆော်မှု၊ ကိုယ်တိုင် ကလည်း လက်တည့်စမ်းချင်မှု၊ မိဘအသိုင်းအ၀ိုင်းကလည်း ဆေးလိပ်သောက်သုံးသူတွေ ဖြစ်မှုစတဲ့ အချက်ကလေးတွေကနေ တွန်းပို့မှုကြောင့် ဆေးလိပ်ကို စမ်းသောက်မိ တတ်ကြပါတယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ဟာ စမိတာနဲ့ ဖျောက်ဖို့ အတော်ခက်ခဲတဲ့ အမူအကျင့်ပါ။ ဘာလို့ဆိုတော့ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ Tobaccoမှာ စိတ်ကိုစွဲလန်းစေတဲ့ နီကိုတင်း (nicotine) အမြောက်အများ ပါဝင်နေလို့ပါ။ နီကိုတင်းကို စသုံးမိတာနဲ့ နောက်ထပ် သုံးစွဲချင်အောင် စွဲလန်းစေပြီး စိတ်ကိုပြောင်းလဲစေပါတယ်

(၂) ဆေးလိပ်ထဲမှာ တခြားဘာတွေ ပါသေးလဲ

စီးကရက် တလိပ်မှာ အမျိုးပေါင်း ၄၀၀၀ကျော်တဲံ ဓာတုပစ္စည်းတွေနဲ့ အနည်းဆုံး ၄၀၀ ကျော်တဲ့ အဆိပ်အတောက်တွေ ပါဝင်ပါတယ်။ ကျန်းမာရေးကို အဓိက ထိခိုက်စေတဲ့ အရာကတော့

* ကင်ဆာဖြစ်စေသော carcinogen တမျိုးဖြစ်တဲ့ ကတ္တရာစေး
* စိတ်ကိုစွဲလန်းစေပြီး သွေးတွင်း အဆီဓါတ်ကို မြင့်တက်စေတဲ့ နီကိုတင်း
* အဆုတ်အတွင်း အောက်ဆီဂျင် ပါဝင်မှု လျော့နည်းစေပြီး အဆိပ်အတောက် ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုဒ် တို့ အဓိကပါဝင်ပါတယ်။

(၃) ဆေးလိပ်ကြောင့် ဘာရောဂါတွေ ဖြစ်မလဲ

(၁) ကင်ဆာဖြစ်မယ်

ဆေးလိပ်သောက်သုံးသူတွေဟာ အခြားသူတွေထက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ပြင် ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေမျိုကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှုနဲ့ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေနှုန်း ပိုပိုများလာလေလေပါဘဲ။

(၂) သွေးကြောကျဉ်းမယ်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွေပါ ကျဉ်းလာ စေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှုတွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အဂါင်္တွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၃) ခဏခဏချောင်းဆိုးမယ်

ဆေးလိပ် သောက်သူ တွေဟာ ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမ၀ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။

(၄) တခြားဘာတွေဖြစ်ဦးမလဲ

* ဆေးလိပ်ဟာ သွားတွေကို ၀ါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
* ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေဖို့ တွန်းအားတခု ပါဘဲ။
* ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွေရဲ့ လိင်အဂါင်္မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်းမှုကြောင့် လိင်အဂါင်္ရဲ့ မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃၀ မှ ၄၀ကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
* ဆေးလိပ်သောက်တဲ့ မိခင်တွေမှာ ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
* မိဘတဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။



ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အမှန်တကယ်ကို ခက်ခဲပါတယ်။ တခါဖြတ်ကြည့် မနေနိုင်၊ ပြန်သောက် လုပ်ရင်းကနေ တဖြေးဖြေးနဲ့ စိတ်ဓါတ်ပါ ကျလာတတ်ပါတယ်။ ဇွဲမလျော့ပါနဲ့။ ဒီတခါမရ ရင် နောက်တခါ ရပါလိမ့်မယ်။ ဖြစ်လာမယ့် ရောဂါတွေ အပိုကုန်တဲ့ ငွေကြေးတွေ ကိုယ့်ရဲ့ အနာဂတ် မိသားစုရဲ့ အနာဂတ် စတာတွေကို အသေအချာ တွေးပါ။ စိတ်ကို ခိုင်ခိုင်ထားပြီး ဆုံးဖြတ်ချက် ချပါ။ အကူအညီပေးနိုင်တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။ သင့်ရဲ့ ကြိုးစား မှုတိုင်းကို သင့်ရဲ့ မိသားစု ပတ်ဝန်းကျင် ကလဲ အသိအမှတ်ပြုမှာပါ။ တကယ်ဆေးလိပ် ပြတ်သွားတာနဲ့ သူခေါ်ဆောင်လာမယ့် ရောဂါဆိုးတွေကနေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်မှာပါ။ အားလုံးဘဲ ဆေးလိပ်နဲ့ ခပ်ဝေးဝေးလေးမှာ နေကြရအောင်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။



No user avatar
htinkyaw
Latest page update: made by htinkyaw , Jul 7 2008, 4:27 PM EDT (about this update About This Update htinkyaw hh - htinkyaw

2 words added
1 word deleted

view changes

- complete history)
Keyword tags: None
More Info: links to this page
There are no threads for this page.  Be the first to start a new thread.